Facebook Messenger သုံးနည်း ၂၄ မျိုး

  • 3
  • 3
    Shares
Facebook messenger ကို 2011 လောက်ကစပြီး standalone application အဖြစ် သတ်မှတ်ခဲ့
တဲ့ နောက်ပိုင်းကစလို့ game တွေ၊ ငွေလွှဲစနစ်တွေအပြင် တခြားစိတ်ဝင်စားစရာ features တွေ ထည့်သွင်းလာတာတွေ့ရမှာပါ။
ဒီ article မှာတော့ သင့်အတွက် အသုံးဝင်နိုင်မယ့် Facebook Messenger ရဲ့ tips & trick (24) မျိုးကို ဖော်ပြလိုက်ရပါတယ်။
.
1. Messenger ကတဆင့် GIF ပုံတွေပို့မယ်။
ဒါကတော့ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ Messenger ရဲ့ အောက်ခြေ text box ဘေးက + ကိုနှိပ်ပြီး ပေါ်လာတဲ့ သုံးခုထဲက GIFs ကိုရွေးပါ။ ပြီးရင် ပေါ်လာတဲ့ GIF တွေထဲက ဖြစ်ဖြစ် ကိုယ့်ဘာသာ search box မှာရှာပြီးတော့ပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တာ ရွေးချယ်ပြီး ပို့လို့ရပါတယ်။
_______________________________
2. Group message မှာ သူငယ်ချင်းတွေကို mention ခေါ်မယ်။
အခုချိန်မှာ သူငယ်ချင်း မိတ်ဆွေတွေအချင်းချင်း Messenger group ဖွဲ့ပြီး message ပို့တာ အရမ်းခေတ်စားနေပါတယ်။ group ထဲက သူငယ်ချင်းတစ်ယောက်ယောက်ကို ရည်ညွှန်းပြောဖို့ mention ခေါ်ချင်ရင်တော့ @ ရဲ့နောက်မှာ သူငယ်ချင်းရဲ့ နာမည်ရေးရုံပါ။
_______________________________
3. Messenger မှာ ပြောနေတဲ့ စကားဝိုင်းတစ်ခုကို mute လုပ်ထားလို့ရပါတယ်။
Messenger Group စကားဝိုင်းကသူတွေ ပြောသမျှ ကိုယ့် Messenger မှာ noti တောက်လျှောက်တက်နေလို့ စိတ်အနှောင့်အယှက်ဖြစ်သူတွေ အနေနဲ့ noti မတက်အောင် mute လုပ်ထားချင်ရင် group details ကိုသွားပါ။ Notifications ကနေတဆင့် message notification ကိုရွေးပြီး ဘယ်လောက်ကြာကြာ mute လုပ်ထားချင်လဲ ရွေးပါ။
_______________________________
4. Messenger ကနေတဆင့် အသံဖိုင်တွေပေးပို့နည်း
Messenger ရဲ့ အောက်ခြေမှာရှိတဲ့ microphone ပုံစံ icon လေးကနေတဆင့် အသံဖိုင်တွေ ပို့လို့ရတယ်ဆိုတာ တော်တော်များများလည်း သိကြမှာပါ။ ပထမဆုံး အဲဒီ microphone လေးကို နှိပ်ထားပြီး အသံသွင်းပါ။ ကိုယ်ပြောလို့ ပြီးပြီဆိုတာနဲ့ နှိပ်ထားတာကို လွှတ်လိုက်ရင် တဖက်ကို ပို့ပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် မပို့ချင်တော့လို့ အသံသွင်းရင်းနဲ့ cancel လုပ်မယ်ဆိုရင် Record button ကို ချက်ချင်းမလွှတ်လိုက်ဘဲ အောက်ကိုဆွဲချရပါမယ်။
_______________________________
5. Emoji တွေရဲ့ ဆိုဒ်ကို လိုအပ်သလို ချိန်ညှိပါ။
ကိုယ်ပို့ချင်တဲ့ emoji ပေါ်မှာအကြာကြီးဖိထားလေလေ ကြီးလာလေလေပါ။ သတ်မှတ်ထားတဲ့ maximum size ထက်ကြီးလာရင်တော့ ပျောက်သွားတတ်ပါတယ်။ Emoji ဆိုဒ်ကို ပုံမှန်ထက် ခပ်ကြီးကြီးပို့ချင်ရင် ဖိရင်းနဲ့ သတ်မှတ်ထားတဲ့ maximum size မရောက်ခင် လွှတ်လိုက်ရုံပါပဲ။
_______________________________
6. ကိုယ့်ရဲ့ Conversations တွေမှာ အလှဆင်ချင်ပါသလား?
Messenger မှာ ကိုယ်အလှဆင်ချင်တဲ့ conversation တစ်ခုရဲ့အောက်မှာ option button ကနေတဆင့် colour နဲ့ emoji တွေကို လိုအပ်သလို ပြောင်းလဲလို့ရပါတယ်။ conversation ရဲ့ colour ကို ကိုယ်ကြိုက်တဲ့အရောင်ရွေးလို့ရသလို သင်တို့ပြောနေတဲ့ conversation နဲ့ ပတ်သက်ပြီး အမြဲပေးချင်တဲ့ emoji တစ်ခုကို ရွေးထားလို့ရပါတယ်။ ပြီးရင် သင်ပါဝင်တဲ့ messenger group ရဲ့နာမည်နဲ့ သူငယ်ချင်းတွေရဲ့ နာမည်ပြောင်တွေကိုပါ ပေးလို့ရပါတယ်။
_______________________________
7. Day story တွေဖန်တီးပါ။
2017 March လကစပြီး Facebook story တွေ Instagram story တွေလိုပဲ Messenger မှာလည်း သင့်ရဲ့ Day story တွေ ဖန်တီးလို့ရပါပြီ။ Messenger မှာ သင့်ရဲ့ တနေ့တာ အမှတ်တရအဖြစ်အပျက်တွေကို photo ဒါမှမဟုတ် video တွေအဖြစ်နဲ့ story တစ်ခု ဖန်တီးရတာပါ။ ဒီ photo တွေ video တွေဟာ 24 နာရီကြာရှိနေမှာဖြစ်ပြီး ဘယ်သူတွေ ကြည့်သွားလဲဆိုတာ သိနိုင်မှာပါ။ Day story တစ်ခု ဖန်တီးဖို့ဆိုရင် Messages section ရဲ့အောက်က ‘My Day’ button ကို နှိပ်ပါ။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ photo ဒါမှမဟုတ် video ကိုရွေးပြီး တင်ရုံပါပဲ။
_______________________________
8. သင့်ရဲ့ လက်ရှိတည်နေရာကို ပေးပို့လို့ရပါတယ်။
သင်ဟာ သူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်းနဲ့ သင့်ရဲ့လက်ရှိတည်နေရာကိုပါ ပို့ပေးလို့ရပါတယ်။ အဲဒီလိုပို့ပေးချင်ရင် message text box ဘေးက + sign ကိုနှိပ်ပြီး Location ကိုရွေးပါ။ ပြီးရင် “Share Live Location for 60 min” ကိုရွေးပြီး သင့်ရဲ့ location ကို တစ်နာရီတိတိ share လို့ရပါတယ်။
_______________________________
9. ဆက်လက်မပါချင်တော့တဲ့ conversation ကနေ ထွက်ခွာလိုက်ပါ။
သင်ဆက်မနေချင်တော့တဲ့ group conversation တစ်ခုကနေ ထွက်ဖို့ဆိုရင် group detail ရဲ့ ထိပ်မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပြီး Leave group ကို နှိပ်ပေးရုံပါ။ group ထဲမှာရှိတဲ့သူတွေကလည်း သင်ထွက်ခွာသွားကြောင်းမြင်ရမှာပါ။
_______________________________
10. Spotify app ကိုသုံးပြီး group playlist တွေ ဖန်တီးလိုက်ပါ။
သင့်မှာ Spotify app ရှိရင် သင်မကြာသေးခင်က နားထောင်ထားတဲ့ သီချင်းတွေကို Messenger က သူငယ်ချင်းတွေဆီ ပြန် share လို့ရပါတယ်။ ဒီလို group playlist တွေ ဖန်တီးချင်ရင်တော့ + sign ကိုနှိပ်ပြီး ပေါ်လာတဲ့အထဲက Spotify ကိုရွေးပါ။
_______________________________
11. Facebook account မရှိလည်း Messenger ကို သုံးလို့ရပါတယ်။
Facebook account မရှိဘဲ messenger ကို sign up လုပ်ချင်ရင် သင့်မှာ account မရှိဘူးဆိုတဲ့ button ကိုနှိပ်လိုက်ရုံပါ။ ပြီးရင် သင့်ရဲ့ ဖုန်းနံပါတ်နဲ့ sign up လုပ်လိုက်ပါ။
_______________________________
12. Desktop မှာလည်း Messenger သုံးလို့ရပါပြီ။
Desktop ကနေတဆင့် Messenger သုံးချင်ရင် Messenger.com ကိုသွားလိုက်ရုံပါပဲ။
_______________________________
13. File တွေပေးပို့ခြင်း
Messenger ကနေတဆင့် File တွေပို့ချင်ရင်တော့ paper clip ပုံလေးကိုနှိပ်လိုက်ရုံပါ။ Desktop မှာဆိုရင် ပို့ချင်တဲ့ file ကို message box ထဲ drag ဆွဲလိုက်ရုံနဲ့ ပို့ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ Document တွေ ဓာတ်ပုံတွေနဲ့ MP3 တွေအတွက်သာ အလုပ်ဖြစ်ပါတယ်။
_______________________________
14. Group Video calls
Group ထဲက သူငယ်ချင်းတွေနဲ့ video call ပြောမယ်ဆိုရင် group conversation ထဲက ဖုန်းပုံစံ icon ကိုနှိပ်ပါ။ ဒါ့အပြင် video call ပြောနေတုန်းမှာ star icon လေးကို နှိပ်ပြီး ပျော်စရာကောင်းတဲ့ filter တွေ effect တွေသုံးလို့ရပါတယ်။
_______________________________
15. connection မကောင်းတဲ့သူတွေအတွက် Messenger lite
Data သုံးစွဲမှုပမာဏလျှော့ချဖို့နဲ့ ဘယ်လို connection အခြေအနေမှာမဆို သုံးလို့ အဆင်ပြေနိုင်တဲ့ messenger ရဲ့ lightweight version ရှိပါတယ်။ Messenger lite ကို 2G network တွေမှာပါ သုံးရအဆင်ပြေအောင် ဖန်တီးထားတာပါ။ Messenger lite မှာတော့ Day story နဲ့ Game တွေ စတဲ့ feature တွေမပါပါဘူး။
_______________________________
16. Messenger မှာ Basketball ကစားမယ်။
ဒီ basketball game ကို သူငယ်ချင်းတွေနဲ့လည်း challenge ခေါ်ပြီး ဆော့လို့ရပါတယ်။ Basketball game ဆော့ချင်တယ်ဆိုရင်တော့ သင့်ရဲ့ သူငယ်ချင်းကို basketball ပုံ emoji လေးပို့ပြီး အဲဒီ icon ကို နှိပ်လိုက်ရုံပါ။ ဆော့ကြည့်ပြီးရင် သင်ရတဲ့ score ကို ကျော်နိုင်ဖို့ သင့်ရဲ့သူငယ်ချင်းကို စိန်ခေါ်လိုက်ပါ။
_______________________________
17. Game တွေကို တစ်ယောက်တည်း ဒါမှမဟုတ် သူငယ်ချင်းတွေစုပြီးဆော့လို့ရပါတယ်။
Game တွေဆော့ချင်ရင်တော့ Messenger screen အောက်ခြေမှာရှိတဲ့ + icon ကိုနှိပ်ပြီး games ကိုရွေးပါ။ Desktop မှာဆိုရင် Facebook.com/games/instantgames ကိုသွားပြီး instant game တွေ ဆော့လို့ရပါသေးတယ်။
_______________________________
18. Message တွေကို Reaction ပေးခြင်း
သင်ပို့တဲ့ ဒါမှမဟုတ် လက်ခံရရှိတဲ့ Message တွေကို နှိပ်ပြီး reaction ပေးလို့ရပါတယ်။
_______________________________
19. သင့်ရဲ့ Privacy အတွက် Preview တွေကို ဖယ်ထားပါ။
Preview တွေကို ဖယ်ထားတာဟာ သင့်ရဲ့ conversation နဲ့ပတ်သက်တဲ့ သတင်းအတိုအထွာတွေကို တခြားသူတွေမမြင်ရအောင်ပါ။ သင့်ရဲ့ profile icon ကိုနှိပ်ပြီး preview တွေကို turn off လုပ်ထားပါ။ ပြီးရင် Notifications ရဲ့အောက်မှာရှိတဲ့ ‘show previews’ ကိုလည်း ပိတ်ထားပါ။
_______________________________
20. Uber ကို Messenger ကတဆင့် ငှားလို့ရပါတယ်။
Messenger screen ရဲ့အောက်ခြေက + icon ကိုနှိပ်ပြီး Rides ကိုရွေးပါ။ ပြီးရင် Uber account ဖွင့်လိုက်ပါ။ ဒါဆိုရင် Messenger ကနေတဆင့် Uber ငှားလို့ရပါပြီ။
_______________________________
21. သူငယ်ချင်းတွေကို အများဆုံး 15 seconds ကြာတဲ့ video message ပို့လို့ရပါတယ်။
Video message ပို့ချင်ရင် text box ဘေးက camera icon ကိုရွေးပါ။ camera ပေါ်လာရင် အောက်ခြေက အဝိုင်းကို ကြာကြာဖိထားပြီး video record လုပ်ပြီး ပို့လိုက်ပါ။
_______________________________
22. ပူဖောင်းပုံ animation ပို့ခြင်း
Birthday ဒါမှမဟုတ် anniversary အတွက် ဂုဏ်ပြုကြောင်း Messenger ကနေတဆင့် ပြောချင်ရင် ပူပေါင်းပုံ animation ကအသင့်တော်ဆုံးပါ။ ဒါကတော့ ပူပေါင်းပုံ emoji လေးပို့ပေးရုံပါပဲ။ ဒါ့အပြင် သင်က မွေးနေ့ရှင်တစ်ယောက်ယောက်နဲ့ Messenger မှာစကားပြောနေရင် Birthday wish လုပ်ဖို့ Messenger က လမ်းညွှန်ပါလိမ့်မယ်။
_______________________________
23. Messenger ကတဆင့် ငွေလွှဲလို့ရပါတယ်။
Messenger screen ရဲ့ + icon ကနေတဆင့် payments ကိုရွေးပါ။ ပြီးရင် သင်ပို့ချင်တဲ့သူရဲ့နာမည်ကို ရွေးပြီး ငွေပမာဏကိုပါ ရိုက်ထည့်ပါ။ သင့်ရဲ့ credit card ဒါမှမဟုတ် bank account information မရှိသေးရင် ထည့်ခိုင်းပါလိမ့်မယ်။ တစ်ယောက်ချင်းစီ ငွေလွှဲလို့ရသလို group တွေမှာလည်း လွှဲလို့ရပါတယ်။
_______________________________
24. Profile code တွေကို အသုံးချတတ်ပါစေ
Messenger တွေဟာ သင့်ကို တစ်စုံတစ်ယောက်နဲ့ မြန်မြန်ဆန်ဆန် ဆက်သွယ်လို့ရဖို့ကူညီပေးပါတယ်။ Messenger camera ကနေတဆင့် သင့်ဆက်သွယ်ချင်တဲ့သူရဲ့ Messenger code ပေါ်မှာ ကြာကြာဖိထားပြီး ဆက်သွယ်ရမှာပါ။
သင့်ရဲ့ profile photo ကိုနှိပ်ပြီး အပြာရောင် line တွေနဲ့ အဝိုင်းတွေ ကာရံထားတဲ့ ထိပ်ဆုံးက icon ခပ်ကြီးကြီးကိုနှိပ်လိုက်ပါ။ ပြီးရင် My code နဲ့ Scan code ဆိုတဲ့ option နှစ်ခုကိုမြင်ရပါလိမ့်မယ်။ My Code ကို သင့်ရဲ့ သူငယ်ချင်းတွေက scan ဖတ်ချင်ရင် သုံးရမှာဖြစ်ပြီး Scan code ကိုတော့ သင်က တခြားသူတွေရဲ့ code ကို သိချင်ရင် သုံးရမှာပါ။
.
အခုပြောပြခဲ့တဲ့ အချက်တွေထဲက တော်တော်များများကို လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ အကယ်၍မိတ်ဆွေဟာ ဒီ ၂၄ ချက်လုံးသိပြီးသားဆို အောက်မှာ comment ပေးခဲ့ပါဦး။ ဘယ်သူ messenger ကို ဆရာကျကျအသုံးပြုနေသလဲသိရအောင်ပါ။ 😜😜😜
အကယ်၍ဒီ ၂၄ ချက်လုံးမသိသေးဘူးဆိုရင်လည်း ဘယ်အချက်ကို သတိမပြုမိသလဲဆိုတာမျှဝေရင်း မိတ်ဆွေလိုပဲ တစ်ခြားသူငယ်ချင်းတွေပါ သိရှိနိုင်အောင် Share လုပ်ပေးလိုက်ပေါ့ခင်ဗျာ။