Wednesday, February 6, 2019




"Facebook Phishing Apk (သို့) Black Gold"


လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က Facebook ပေါ်မှာပြန့်နှံ့ခဲ့တဲ့ Black Gold လို့အမည်ပေးထားတဲ့ Facebook Apk ကြောင့် Account ပေါင်းရာနဲ့ချီပြီး Hacking လုပ်ခံခဲ့ရပါတယ်...အဲထဲမှာ နည်းပညာနဲ့ပက်သက်တဲ့ Group တွေ Page တွေပါပါဝင်ခဲ့ပြီး...Hacker လို့အမည်တပ်ထားတဲ့ သူတွေရဲ့ Account တွေအများအပြားပါဝင်ခဲ့ပါတယ်...ကျွန်တော်တို့ လည်း ကိုမွှေးလိုက်တဲ့ မီးက တခြားသူတွေကို ဒုက္ခပေးနေကြောင်းသိလျှင်သိချင်းပဲ Phishing Link ရဲ့ Main Hosting Site ကို ပြန်လည်ထိန်းချုပ်ခဲ့ပေမဲ့ အတော်များများကတော့ သားကောင်အဖြစ်ကျရောက်ကုန်ပါတယ်...Black Gold ရဲ့ပြုလုပ်နည်းကို ကတိတွေအထပ်ထပ်ပေးပြီးတောင်းယူသွားခဲ့တဲ့ သူဟာလည်း ကျွန်တော်နှင့်သော်လည်းကောင်း ၊ Black Box Team နှင့်သော်လည်းကောင်း မည်သို့မျှ ပက်သက်ခဲ့ခြင်းမရှိပါ...
ယခုအချိန်အထိလည်း Black Gold ဟာ တခြားနာမည်များနှင့် Hosting Site တစ်ခုမှနေပြီးဆက်လက်ပြန့်နှံ့နေတဲ့အတွက် ဒီ Post ကိုတင်ပေးလိုက်ရခြင်းဖြစ်ပါသည်။
...........................................................................

Black Gold facebook apk ဆိုတာကတော့ Facebook Phishing နည်းကို Application ပြုလုပ်ရေးသားထားတဲ့ Apk တစ်ခုပါ...Phishing Link မဟုတ်တဲ့အတွက် နည်းပညာနဲ့အကျွမ်းတဝင်မရှိပါက Phishing မှန်းစစ်ဆေးရန်မလွယ်ကူပါ...သုံးနေကျ Facebook apk ကဲ့သို့ပင်ဖြစ်ပြီး အနည်းငယ်မျှသာ ကွာဟမှုရှိပါတယ်...
...........................................................................

💀ဘယ်လိုတွေ Hacking လုပ်နိုင်ပါသလဲ?

Hacker တစ်ယောက်ဟာ စကားအပြောအဆိုနဲ့ စာအရေးအသားပိုင်းမှာ သူတစ်ပါးယုံကြည်လာအောင် ပြောတတ်ရေးတတ်ရပါလိမ့်မယ်...နည်းပညာ အခေါ်အဝေါ်အရတော့ ၄င်းကို Social Engineering လို့လှလှပပလေး အမည်ပေးထားပါတယ်...မြန်မာလိုတော့ လိမ်တယ်/ညာတယ် လို့မြန်မာမှုပြုကြရအောင် :-) ...နမူနာအနေနဲ့ကတော့...

"FACEBOOK ရဲ့ security ကို စိန်ခေါ်လာတဲ့ BlackGold Facebook Apk အကြောင်း"

Black4 facebook ကို နာမည်ပြောင်းပြီးထွက်လာတဲ့
BlackGold Facebook မှာပါဝင်တဲ့ Feature အသစ်ကတော့ only me လုပ်ထားသမျှ အရာအားလုံးတွေမြင်ရတာပါပဲ...ထို့ကြောင့် Facebook ရဲ့ Security ပိုင်းဟာမေးခွန်ထုတ်စရာကောင်းလောက်အောင် ဖြစ်လာပါတယ်...
BlackGold Facebook ဟာ Underground site တွေမှာဘဲ paid version အနေနဲ့ ရောင်းချတာဖြစ်ပြီး
Free Version အနေနဲ့ကတော့ Only me လုပ်ထားတဲ့ Mail တစ်မျိုးတည်းသာ ပြပေးမှာပါ...တခြား Feature တွေအတွက် ကတော့ ငွေပေးချေပြီးမှသာ ရယူအသုံးပြုနိုင်ပါလိမ့်မယ်...Free Version ကတော့ 5days trail ဖြစ်ပြီး ၅ရက် ပြည့်တာနဲ့ အသုံးပြုလို့ရမှာမဟုတ်ပါဘူး...

BlackGold Facebook Trail Version (5days)

Download here...

ဒီမှာ​ဒေါင်းပါ

အထက်မှာပြထားတာကတော့ Black Gold Facebook ကိုပြန့်ဝေခဲ့တဲ့သူ အသုံးပြုခဲ့တဲ့ Social Engineering အရေးအသားပါပဲ(၄င်းအရေးအသား နှင့်ပက်သက်၍လည်း ကျွန်တော်တို့ဆီမှာ အကြံဥာဏ် တောင်းခံခဲ့ပါတယ်)
စာအရေးအသားအရဆိုရင်တော့ သူပစ်မှတ်ထားတဲ့ သားကောင်တွေက နည်းပညာနယ်ပယ်ထဲက သူတွေပဲဖြစ်ပါတယ်...
စာရဲ့ပထမ ပိုဒ်ကိုဖတ်ကြည့်ရင်သိနိုင်ပါတယ်...အခုနည်းပညာ နယ်ပယ်မှာက သူများ Account တွေကို Recovery လုပ်ဖို့ အဓိက သိချင်ကြတာ Only me ကြည့်ဖို့လို့ပြောရင်မှားမယ်မထင်ပါဘူး...Only me ကို သာမန်အသုံးပြုနေတဲ့ အသုံးပြုသူတစ်ယောက်က မည်သို့မျှစိတ်ဝင်စားမည်မဟုတ်ပါ...
Post မှာ Only me ကြည့်လို့ရမယ်လည်းဆိုရော ရှေ့နောက်မစဉ်းစားတော့ဘူး Download ဆွဲဖို့ စိတ်ကဆုံးဖြတ်လိုက်ပါပြီ (သူများကိုဒုက္ခပေးချင်တာကို :-) )...ဆက်ဖတ်ကြည့်တော့...Underground မှာပဲ ရနိုင်မယ်ဆိုတော့ တခြား Google play store နဲ့ App Store တွေမှာမတွေ့နိုင်ဘူးလို့ အဓိပ္ပါယ်ရောက်ပါတယ်...ဆိုလိုတာကတော့ အောက်ကချပေးထားတဲ့ Link ကပဲDownload လုပ်ရမယ်ပေါ့...Paid Version အနေနဲ့ထွက်တာဖြစ်ပြီး Trial version လို့လည်းဆိုရော...ကြာတယ် ဘာမှစဉ်းစားမနေဘူး...အလကားရရင်ပြီးတော့ ဘာမြင်ရမြင်ရ မြင်ရဖို့အရေးကြီးတယ်...သူများတွေမဆွဲခင် ငါအရင်ဆွဲမယ်...Trialဆိုတော့ တော်ကြာ Free မပေးတော့ရင် ဒုက္ခ ဆိုပြီး ချပေးထားတဲ့ Download link လေးကိုနှိပ်ပြီး Download ယူလိုက်ပါပြီ...စိတ်ထဲမှာလည်း ဒီ Post တင်ပေးတဲ့သူ လေးစားပါတယ်ဗျာ😆 ဆိုပြီး ပျော်နေတယ်...
Down လို့တော့ရပြီ သူများ Only me လေးကြည့်ဖို့ account ဝင်ပေးရဦးမယ်...ဒါလေးများ ရော့ယူလိုက် ဆိုပြီး သူ့အကောင့် လေးနဲ့ Password လေးထည့်ပေးလိုက်ပါတော့တယ် အဲမှာစပြဿနာတက်တာပဲ သူထည့်လိုက်တဲ့ mail နဲ့ Password က သူများဆီရောက်သွားပြီ (စက္ကန့်ပိုင်းအတွင်း) မကြာပါဘူး သူများကို ဒုက္ခပေးဖို့လုပ်တာ သူ့ Facebook account ပဲ Logout ဖြစ်သွားတယ်...သဘောကတော့ Hack တဲ့သူက Password ချိန်းပြီး Other Device ကို Logout လုပ်ပေးလိုက်တာလေ...Wall Paper တွေလည်ပြောင်းကုန်ပြီ...Profile Pictur

No comments:

Post a Comment