Thursday, February 22, 2018
အ​မေ့သား ရန်​နိုင်​(နည်းပညာ)
Samsung Reset ချလိုက်ရင် Gmail တောင်းခြင်းပြသနာဖြေရှင်းနည်း
CBမေးနေတဲ့အကိုများအတွက်ပါ 
Samsung ဖုန်းတွေမှာ Recovery Reset ချလိုက်ရင် Lock Screen မှာ 
Gmail တောင်းပါတယ် အဲဒါကို FRP LOCk လို့ခေါ်တယ်ဗျ 
ကျွန်တော်မသိခင်က ၁သောင်း ပေးလိုက်ရတယ် 
သိတော့လွယ်လွယ်လေးပဲဗျ ကျွန်တော်လိုအဆင်မပြေသူများအတွက်ပါ
ဒီ APK လေးအရင်ဒေါင်းပါ
Download
 ★ ★ Click Here To Download ★ ★  
ဒီနည်းလမ်းက OTG Support လုပ်တဲ့ Samsung Phone တွေမှရတာပါ
OTG ဆိုတာ ဘာကြီးလဲလို့ ကျွန်တော်ကို ဖုန်းဆက်မေးတယ်ဗျ OTG ဆိုတာ USB Stick တစ်ခုပါပဲ
အပြင်မှာဝယ်ရင် OTG Reader လေးတွေကို ၁၅၀၀ ပဲရှိတာပါ
OTG Support မလုပ်တဲ့ ဖုန်းတွေက Miracle Box Crack ဒေါင်းပြီးလုပ်နိုင်ပါတယ်ခင်ဗျာ
================================
FRP LOCK ဖြည်နည်း
၁။ ဒေါင်းလို့ရတဲ့ APK လေးကို OTG Stick လေးထဲထည့်ပါ
၂။ OTG ကို Phone မှFRP Lock ကျနေတဲ့အနေအထားအတိုင်း ထိုးလိုက်ပါ
၃။ OTG ထဲက apk file လေးပေါ်လာရင် ကျွန်တော်တို့ ပုံမှန်သွင်းနေကျအတိုင်း သွင်းပေးလိုက်ပါ
၎။ တစ်ခုသတိထားရမှာက Software သွင်းပြီးလျင် Done ရယ် Open ရယ် ပေါ်လာတဲ့အခါ
၅။ Open ကိုပဲနိုပ်ပေးလိုက်ပါ ပြီးရင် Setting ထဲရောက်သွားပါလိမ့်မည်
၆။ အဲဒီအခါကျမှာ Factory Reset ၀င်ချလိုက်ပါ
၇။ Reset ကျပြီးပြန်တက်လာရင်အဆင်ပြေသွားပါလိမ့်မည်
credit >>> မူရင်းပိုင်ရှင်
သင်​၏commentတစ်​​ကြောင်းသည်​ ကျွနု​ပ်​အတွက်​ ​နောက်​ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ဖြစ်​​စေပါလိမ့်​မည်​။
Tuesday, February 20, 2018
မင်္ဂလာပါ ဒါ​လေးက​တော့ ချစ်​သူ​တွေစိတ်​​ကောက်​ကြတဲ့ အထူးဆ"န်း​လေးနဲ့မိမိချစ်​သူကိုပြန်​​ချောလို့ရ​အောင်​ ချစ်​သူ​ချော့​တေးဆိုတဲ့apkကိုမိမိစိတ်​ကြိုက်​ပြုပြင်​နည်း​လေးတင်​​ပေးလိုက်​ပါတယ်​ apkထဲမှာသီချင်းအပုဒ်​​ရေ.10.ထည့်​လို့ပြီး ပုံ​တွေကိုလဲမိမိစိတ်​ကြိုက်​ပြန်​ပြင်​ထက်​လို့ရပါတယ်​ ပြုပြင်​နည်းpdfနဲ့လိုအပ်​တဲ့apk​တွေကို​အောက်​ပါလင့်​မှာ​ဒေါင်​ပြီးမိမိချစ်​သူကိုစိတ်​​ကောက်​​ပြေ​အောင်အလန်းစရားေ​လေးနဲ့ချော့နိုင်​ကြပာါစေ
ezText v3.0 Apk
ပုံ​လေး​တွေ​ပေါ်မှာကာလာ​ရောင်​စုံ၊ဒီဇိုင်းမျိုးစုံအပြင်​၊3Dပုံစံမျိုး​လေး​တွေပါ​ရေးသားနိုင်​တဲ့apk​လေးပါ။ပုံ​တွေ​ပေါ်မှာစာလုံး​ရေးမယ့်​သူ​တွေအတွက်​​တော့အင်​မတန်​အသုံးဝင်​ပါလိမ့်​မယ်​။
အောက်​မှာ​ဒေါင်းပါ။
Download Apk
အ​ပေါ်ကDownload Apkဆိုတဲ့link​နေရာကို
click​လေးနှိပ်​လိုက်​ပါ​နော်​..
နောက်​စာမျက်​နှာ​ရောက်​ရင်
ငါးစက္ကန့်​​စောင့်​ပါ။ပြီးရင်​အ​ပေါ်ထိပ်​နားကအဝါ​ရောင်
SkipAd​နေရာကိုနှိပ်​ဝင်​လိုက်​ရင်
ဒေါင်းလုပ်​ကျလာပါမယ်​။
ဒေါင်းပြီးသွားရင်​ကိုယ့်​ဖုန်းရဲ့downloadဖိုဒါထဲမှာ
ခုနက​ဒေါင်းလို့ရလာတဲ့apkကိုinstallလုပ်​ပြီးသုံးလို့
ရပါပြီ​နော်​....
အားလုံးကို ​ကျေးဇူးတင်​လျှက်​.......
အ​မေ့သား ရန်​နိုင်​(နည်းပညာ)
FACEBOOK မှာ POST တင်ရင် SHARE ဖျောက်နည်း
Facebook မှာ ကိုယ်တင်တဲ့ Post တွေကို ဘယ်သူမှ Share မရအောင် ဖျောက်ထားလို့ရပါတယ်။
ဒီနည်းက Facebook ကို မိုဘိုင်း App ကနေသုံးမယ်ဆိုရင်တော့ Custom ဆိုတာကို တွေ့ ရမှာမဟုတ်ပါဘူး။ ဒီအတွက် m.facebook.com ကနေပြီး ၀င်သုံးပေးရမှာပါ။
ဆက်ပြီးတော့အောက်မှာ လေ့လာကြည့်ရအောင်
အောက်ပါ ပုံလေးထဲအတိုင်း Post တင်မယ့် နေရာလေးကို နှိပ်လိုက်ပါ။
Post မှာ ဓာတ်ပုံထည့်ချင်တယ် ဆိုရင် Add photo နေရာအား နှိပ်ပြီး ထည့်သွင်းနိုင်သလို Video အတွက်လည်း Add Video နေရာကို နှိပ်ပြီး ထည့်ပေးရပါမယ်။
အောက်ပါ ပုံလေးထဲကအတိုင်း ပုံလေးတစ်ပုံထည့်ပြီးပါက preview လေးကို နှိပ်ပေးရပါမယ်။
အောက်ပါ စာမျက်နာသို့ရောက်သွားမှာဖြစ်ပြီး ရေးချင်တဲ့ စားကိုလည်း ထည့်ရေးကာ လူသုံးယောက်ပုံစံ icon လေးကို နှိပ်ပေးရပါမယ်။
အောက်ပါပုံအတိုင်း အောက်ဆုံးအကြောင်းရှိ Custom လေးကို နှိပ်ပေးပါ။
Hidden from ရဲ့ အောက်နားလေးက Include friends of people tagged စာကြောင်းကို အမှန်ဖြစ်ဖြုတ်ပေးရပါမယ် ပြီးပါက အပေါ်ထောင့်နားလေးမှာ ရှိတဲ့ Save လေးကို နှိပ်ပေးပါ။
အောက်ပါ ပုံစံအတိုင်း ပေါ်လာရင်တော့ Post နေရာလေးကို နှိပ်ပြီး တင်လို့ရပါပြီ။
Share ပိတ်ထားတဲ့ အတွက် မိမိ Friend တွေက မိမိတင်လိုက်တဲ့ Post လေးကိုတွေ့ ရင် အောက်ပါပုံအတိုင်း Share ခလုတ်ကို တွေ့ ရမှာမဟုတ်ပါဘူး။
အ​မေ့သား ရန်​နိင်​(နည်းပညာ)
FACEBOOK က သင့်ကို LOCK ချရသည့်အကြောင်းအရင်းများ
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။
- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။
- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။
- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။
- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။
- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ဒီတော့ Security Question တွေဆက်တိုက်ဖြေရတော့မှာပေါ့။ဒါတောင် ရက်တွက်ပြီးစောင့်ရပါသေးတယ်။
အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။သို့သော် အပေါ်ကဟာလေးတွေလောက်သိရင် လုံလောက်ပါတယ်။တကယ့် အီးမေးလ်အသုံးမပြုတာတို့၊Browser တစ်ခုထဲမှာပဲ ဒီအကောင့်ချက်ချင်းထွက် နောက်အကောင့်တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ်တတ်ပါတယ်။ ဒီလောက်ဆိုတော်ပါပြီ။
အ​မေ့သားရန်​နိုင်​(နည်းပညာ)
FACEBOOK မှာကြည့်မရတဲ့အကောင့်တွေကို အပြင်းစား REPORT ထုနည်း
Facebook မှာတခါတလေ လူအများအတွက်မြင်မကောင်းတဲ့ပို့စ်တွေဘာတွေမြင်ရင်
တော်တော်များများက Report ထုပေးခဲ့တတ်ကြပါတယ်။
တချို့ကလည်း ဟက်ဖို့စဉ်းစားတတ်ကြတယ် အမှန်တော့ Report ထုရင်လုံလောက်ပါတယ်။
အသေချာဆုံးပါ အဲ့တော့ သေချာပေါက်အဲ့ဒီအကောင့်ပျက်အောင်ထုတဲ့နည်းလေးကိုတင်ပေးလိုက်ပါတယ်။
တစ်ယောက်တည်းထုတာထက်စာရင် အသိတွေခေါ်ပြီးဒီနည်းအတိုင်းဝိုင်းထုခိုင်းရင်ပိုကောင်းပါတယ် 😉
ပြေးမလွတ်ပါဘူး 😂😂😂
အောက်ကပုံလေးတွေကိုတစ်ပုံချင်းသေချာကြည့်လုပ်လိုက်ပါ 
အ​မေ့သားရန်​နိုင်​(နည်းပညာ)
  FACEBOOK အကောင့် တရားဝင်ဖြစ်အောင် ID တင်နည်း
ကိုယ့် Facebook အကောင့် တရားဝင်ဖြစ်အောင် ကိုကိုယ်တိုင် ID တင်ထားဖို့ လိုအပ်ပါတယ်။
Facebook ID မတင်ရသေးတဲ့ Facebook သုံးနေသူတွေတွက် ID တင်နည်းလေးကို အောက်ကလင့် မှာ ပုံနှင့်တကွရှင်းပြထားပါတယ်။
1. အရင်ဦးဆုံး Google ကိုသွားပြီး Confirm id on facebook ဟုရိုတ်ပြီးရှာလိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာပါက အနီရောင်သင်္ကေတဖြင့်ပြထားသော စာကြောင်းအားနှိပ်ပေးလိုက်ပါ။
ဒီကနေ လည်းတိုက်ရိုတ်ဝင်လို့ ရပါတယ်။
2. ဒီကိုရောက်လာရင် Login email address နေရာမှာ သင်အသုံးပြုနေတဲ့ Facebook email ကိုထည့်ပါ။
အောက်က Your ID နေရာမှာ Choose Files ကိုနှိပ်ပြီး သင်မှတ်ပုံတင် (သို့ မဟုတ်) လိုင်ဆင်ကဒ်တစ်ခုတစ်ခုကို ထည့်ပုံရိုတ်ပြီးထည့်ပေးလိုက်ပါ..ပြီးရင် အစိမ်းရောင်နဲ့ပြထားသော Send ကိုနှိပ်လိုက်ပါ။
3. ဒီနေရာရောက်လာပါလိမ့်မယ်..ဒီတော့စာပြန်ပေးရမှာဖြစ်လို့  Send additional ကိုနှိပ်ပေးလိုက်ပါ..ပုံပါအတိုင်းပါဘဲ။
4. Your response အကွက်လေးထဲမှာ Accound ID အဖြင့်ပြောင်းလဲအသုံးပြုချင်တဲ့အကြောင်းကိုရေးထည့်ပြီး Send ကိုနှိပ်လိုက်ပါ။ စာရေးတဲ့နေရာမှာ မြန်မာဘာသာဖြင့်လည်းရေးပေးလို့ ရပါတယ် Facebook မှာမြန်မာဝန်ထမ်းတွေရှိပါတယ်။ ၁ရက် ၂ရက်လောက်နေရင် သင့်Email ထဲကို Facebook မှစာပြန်လာပါလိမ့်မယ်။
5. တစ်ရက်လောက်အကြာမှာ Facebook က Email ထဲကိုစာပြန်တာကိုတွေ့ ရမှာပါ..နှိပ်ကြည့်လိုက်ပါ။
6. အောက်ပါပုံအတိုင်းတွေ့ ရပြီဆိုရင်တော့ Account ID တင်ခြင်းအောင်မြင်သွးပါပြီ။
အ​မေ့သားရန်​နိုင်​(နည်းပညာ)
Fb      
ဒီနည်းလမ်းကတော့ စုပေါင်းထားတဲ့ အခြေခံနည်းလမ်းချုပ်ဖြစ်ပါတယ်။ 
လုပ်ကိုလုပ်ထားသင့်တဲ့ Fb Security & Privacy  တွေပါပဲ။ ကိုယ့် Fb Acc ဘာဖြစ်မှညာဖြစ်မှ အကူအညီမတောင်းကြပါနဲ့။ကြိုလုပ်ထားကြပါ။ 
အဲ့လိုလုပ်ထားလို့လဲ ဘာမှအပန်းမကြီးပါဘူးဗျ။ 
လုပ်ရတာများချင်များလိမ့်မယ်။ ဒါပေမယ့် သင့် Fb Acc အတွက်ပါ။ 
ကျနော့်လို Game တွေ App တွေမှာ Fb နဲ့ Login ဝင်အသုံးပြုနေတဲ့ ဘော်ဒါတွေအတွက် တကယ့်ကိုပြုလုပ်ထားသင့်သော Security & Privacy  နည်းလမ်းတွေပဲဖြစ်ပါတယ်။ 
 အောက်ကပုံတွေမှာအသေးစိတ် ပုံဖော်ပေးထားပါတယ်။ 
နားမလည်ရင်လည်း Comment ကနေမေးသွားကြပါ။
ကျနော် ဖန်တီးတဲ့အရာတွေတိုင်းမှာတော့ ကျနော်လူပိန်းနားလည်သည်အထိ ပြုလုပ်ပေးထားတာပါ။